share my writing

hi visit to our site www.nitikiti.weebly.com and send us your goal advice. thank.

Tuesday, April 15, 2008

Writing Website

အင်တာနက်ဆိုတာဟာ နေရာအနှံ့မှာရှိတဲ. ကွန်ပျူတာတွေများစွာကို ချိတ်ဆက်ပေးထားခြင်းပဲ ဖြစ်ပါတယ် ။ ဒီနေရာမှာ World wide web (www.) ဆိုတဲ့စကားလုံးနဲ့ မိတ်ဆက်ပေးဖို့ လိုမယ်ထင်ပါတယ် ။

World wide web ဆိုတဲ့ ကွန်ယက်ထဲမှာ လူသားတွေအားလုံး သတင်းအချက်အလက်တွေ၊ ခံစားချက်တွေ၊ အယူအဆ စတာတွေကို လွတ်လပ်စွာ ဖတ်နိုင် ၊ ရေးနိုင်တဲ့နေရာတစ်ခုလို့ ပြောလို့ရပါတယ် ။

Web ဆိုတဲ့ ကွန်ယက်ကြီးထဲမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားပြုတဲ့ စာတွေ၊ ပုံတွေ ၊ ဗီဒီယိုတွေ၊ သီချင်းတွေ များစွာရှိနေပါတယ်။ မြန်မာလူငယ်အများစုဟာ အင်တာနက်ဆိုတာကြီးကို သုံးပြီး Game ကစားခြင်း၊ Chatting စကားစမြည်ပြောခြင်း ပြုလုပ်ကြပါတယ်။ အနည်းစုကတော့ Website တွေကို လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်းများ လုပ်ကြပါတယ်။

တကယ်တမ်းက ဒီထက်တစ်ဆင့်ထပ်တက်ပြီး ကျွန်တော်တို့ပေးချင်တဲ့ အချက်အလက်တွေ၊ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ ကျွန်တော်တို့ရဲ. အတွေးအမြင် စတာတွေကို နေရာတိုင်းမှာရှိတဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုနေကြသူတွေအားလုံးမြင်နိုင်၊ တွေ့နိုင်၊ ဝေဖန်သုံးသပ်နိုင်အောင်လို့ ကျွန်တော်တို့ကိုယ်တိုင် စာမျက်နှာလေးတွေ ဖန်တီးပြီး Website ပေါ်ကို တင်လို့ရပါတယ်။

www.freedomain.co.nr မှာ mybusiness ဆိုတဲ့ နာမည်နဲ့ Domain Name တစ်ခုကို အလကားယူမယ်ဆိုရင် www.mybusiness.co.nr ဆိုတဲ့ address ကိုသာရမှာဇြစ်ပါတယ်။ ဒီလို Free Domain Name တွေကို Google, Yahoo စတဲ့ Web Portal ကြီးများမှလည်း ရယူနိုင်ပါတယ်။

စာဖတ်သူအဆင့်ကနေ ကိုယ်တိုင်ဝင်ရေးတဲ့သူအဖြစ်ကို တက်လှမ်းဖို့အတွက် ပိုက်ဆံပေးပြီးတက်ချင်လား၊ အလကားတက်ချင်တာလားဆိုတဲ့ မေးခွန်း ၀င်လာပါတယ်။ ကျွန်တော်တို့တွေ ကိုယ်ပိုင် Personal Website လေးတွေ တည်ဆောက်လို့ရပါတယ်။

ဒါပေမယ့် website တစ်ခုဖွင့်မယ်ဆိုရင် ပထမဦးဆုံး ကိုယ့် website ရဲ.လိပ်စာ (address) အတွက် Domain Name လိုပါတယ်။ www.register.com, www.uhlhosting.com စတဲ့ website တွေမှာ Domain Name အတွက် သက်ဆိုင်ရာ Hosting Company တွေကို နှစ်စဉ်ကြေးပေးပြီး ၀ယ်ယူနိုင်ပါတယ်။

Yahoo မှလုပ်သော Geocities.com နှင့် Google မှလုပ်သော googlepage.com မှာ အကောင့်ဖွင့်ပြီး Web Hosting တွေကို အခမဲ့ရယူနီုင်ပါတယ်။ www.mybusiness.com ကသင့်ရ website ဆိုရင် service@mybusiness.com ဆိုပြီး emai account ဖွင့်လို့ရပါတယ် ။

နောက်တစ်ခုက ကိုယ်ရေးထားတဲ့စာတွေ၊ ကိုယ်ရိုက်ထားတဲ့ဓတ်ပုံ စတာတွေကို website မှာတင်ချင်တယ်ဆိုရင် HTML ဆိုတဲ့ ဘာသာစကားတစ်ခုကို သုံးဖို့လိုပါတယ်။ သူတို့က အဲ့ဒီ့ဘာသာစကားနဲ့ ပြောမှ နားလည်မှာပါ ။

Website တစ်ခု ဘယ်လိုတည်ဆောက်မလဲဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းချက်တွေကို ထပ်မံဖတ်ရှူချင်တယ်ဆိုရင်တော့ www.2createawebsite.com , www.mywebsite.com မှာလိုအပ်တဲ့အရာတွေ အားလုံးကို သွားဖတ်လို့ရပါတယ် ။

ပိုက်ဆံအကုန်အကျမခံဘဲ သုံးချင်တယ်ဆိုင်တော့ blog တွေက အသုံးပြုရတာ လွယ်ကူမြန်ဆန်တာကြောင့် အခုနောက့်ပိုင်းမှာ လူသုံးအရမ်းများလာတာ တွေ.ရပါတယ် ။

Google Search မှာ myanmar blogger လို့ ရိုက်လိုက်ရင် Result 401,000 ကျော်တွေ.ရပါလိပ်.မယ် ။

သင့်ရဲ့ ခံစားချက်တွေကိုလည်း ကျွန်တော် သိချင်ပါတယ် ။

Monday, April 14, 2008

Click it easy

Zawgyi-one Web Text Editor v 1.5.4
Myanmar ( alt +n ) ( Keyboard Map ) ( Font ) ( New Texteditor )

http://www.mysteryzillion.com/project/webtext/

search engine

free search engine submission

seven wonder

seven wonder of the internet
1.Social networksite
2.News
3.Photos
4.Email
5.Chat
6.Blog
7.Forum

Choose one!
Which of them are you like?
Reply me , ok.

Tuesday, September 11, 2007

Laughter

learn to laugh!
laughter is the best medicine for a long and happy life,
he who laughs ...lasts!

Hope

Hope see a light where there is not any.
Hope discovered America.

Leadership

Authority alone is no longer enough to get respect.